ယုံကြည်သော/သူများ/အတွက် စံမြန်း/နားခိုရာ
4
ထို့ကြောင့် ဘုရားသခင်/၏/စံမြန်း/နားခိုရာ/သို့ ဝင်ရမည့် ကတိတော်/တည်ဆဲ/ဖြစ်/လျက်နှင့် မည်သူ/တစ်ဦးတစ်ယောက်မျှ ထို/ဝင်ခွင့်/ကို မဆုံးရှုံးမိစေ/ရန် သတိပြုကြစို့။ 2 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့/သည် ထို/သူတို့/နည်းတူ သတင်းကောင်း/ကို ကြားရ/သောကြောင့်/ဖြစ်၏။ သူတို့/မှာမူ ကြားရ/သော်လည်း မယုံကြည်/သောကြောင့် သူတို့/အတွက် အကျိုး/မရှိ။ 3 ယုံကြည်သော ကျွန်ုပ်တို့/သည် ကိုယ်တော်/၏ စံမြန်း/နားခိုရာ/သို့ ဝင်ကြရ၏။ ဤ/သည်/မှာ ဘုရားသခင်/က
“ထို့ကြောင့် ငါ/သည် အမျက်ထွက်/ကာ
‘သူတို့/သည် ငါ/၏ စံမြန်း/နားခိုရာ/သို့ မည်သည့်/အခါမျှ ဝင်ကြရမည်/မဟုတ်’ ဟူ၍ တိုင်တည်/လျက် ပြောဆို၏”a
ဟု မိန့်တော်မူသည့်/အတိုင်း/ဖြစ်၏။ သို့သော် ယုံကြည်သော ကျွန်ုပ်တို့/သည် ကိုယ်တော်/၏ စံမြန်း/နားခိုရာ/သို့ ဝင်ကြရ၏။ အမှန်စင်စစ် ကမ္ဘာ/ကို ဘုရားသခင်/ဖန်ဆင်းတော်မူ/ကတည်းက အမှုတော်/သည် ပြီးမြောက်ပြီ/ဖြစ်သော်လည်း ဤ/စကား/ကို မိန့်တော်မူ၏။ 4 အဘယ်ကြောင့်ဆိုသော် ခုနှစ်ရက်/မြောက်နေ့/နှင့် ပတ်သက်၍ ကျမ်းစာ/၌ “ဘုရားသခင်/သည် လုပ်ဆောင်စရာ/အမှုတို့/ကို ပြီးစီး/၍ ခုနှစ်ရက်/မြောက်နေ့/တွင် အနားယူတော်မူ၏” ဟု ဖော်ပြထား/သောကြောင့် ဖြစ်၏။ 5 ထို့ပြင် “သူတို့/သည် ငါ/၏ စံမြန်းနားခိုရာ/သို့ မည်သည့်/အခါ/မျှ ဝင်ကြရမည်/မဟုတ်” ဟူ၍/လည်း ဖော်ပြထား/ပြန်၏။
6 ထို့ကြောင့် သတင်းကောင်း/ကို ရှေးဦးစွာ ကြား/သော်လည်း မယုံကြည်/သောကြောင့် ဘုရားသခင်/၏/စံမြန်းနားခိုရာ/သို့ ဝင်ခွင့်/မရကြ။ သို့သော် အခြား/သူတို့/မှာမူ ဝင်ခွင့်/ရှိသေး၏။ 7 ထို့ကြောင့် ဘုရားသခင်/သည် စံမြန်းနားခိုရာ/သို့ ဝင်ခွင့်ပေး/ရန်အတွက် နေ့တစ်နေ့/အား “ယနေ့” ဟု ပြန်လည်/သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများ/စွာ ကြာ/ပြီးနောက် ကျမ်းစာ/၌ ဖော်ပြခဲ့/သည့် အတိုင်း ဘုရားသခင်/သည် ဒါဝိဒ်မင်း/မှတစ်ဆင့် မိန့်တော်မူသည်/မှာ
“ယနေ့ ကိုယ်တော်/၏/အသံ/ကို/ကြားလျှင်
သင်တို့/သည် ခေါင်းမမာကြနှင့်”
ဟူ၍/ဖြစ်၏။
8 အကယ်၍ ယောရှု/သည် အစ္စရေး/လူမျိုးတို့/ကို နားခိုရာ ပေးပြီးသည်/မှန်/လျှင် ဘုရားသခင်/သည် အခြားသော နေ့ရက်/အကြောင်း/ကို မိန့်တော်မူမည် မဟုတ်။ 9 သို့ဖြစ်၍ သတ္တမနေ့/၌ ဘုရားသခင်/အနားယူတော်မူ/သကဲ့သို့ ဘုရားသခင်/၏ လူမျိုးတော်/အတွက် စံမြန်း/နားခိုရာ ရှိသေး၏။ 10 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် မိမိ/လုပ်ဆောင်မှုများ/ပြီးသည့်/အခါ အနားယူတော်မူ/သကဲ့သို့ ဘုရားသခင်/၏ စံမြန်း/နားခိုရာ/သို့ ဝင်သောသူ/သည်လည်း မိမိ/လုပ်ဆောင်မှုများ/ကို ရပ်နား/လျက် အနားယူရ၏။ 11 ထို့ကြောင့် ကျွန်ုပ်တို့/သည် ထို/စံမြန်း/နားခိုရာ/နေရာ/သို့ ဝင်/ရန် ကြိုးစား/ကြစို့။ ထိုသို့/မဟုတ်/လျှင် တစ်ချိန်/က အစ္စရေးလူမျိုးတို့/သည် မနာခံ/သောကြောင့် ထို/စံမြန်း/နားခိုရာ/နေရာ/သို့ မဝင်နိုင်ကြ/သကဲ့သို့ ကျွန်ုပ်တို့/သည်လည်း ဝင်နိုင်ကြမည် မဟုတ်။
12 ဘုရားသခင်/၏ နှုတ်ကပတ်တော်/သည် အသက်ရှင်/၍ ထိရောက်/ကာ သန်လျက်/တကာတို့/ထက် ထက်၏။ ထို/နှုတ်ကပတ်တော်/သည် အသက်/နှင့် စိတ်ဝိညာဉ်/ကိုလည်းကောင်း၊ အရိုးအဆစ်/နှင့် ခြင်ဆီ/ကို/လည်းကောင်း ထိုးဖောက်/ကာ ပိုင်းခြား/နိုင်ပြီး လူတို့/၏ စိတ်/အတွင်းမှ တွေးတော/ကြံစည်မှုတို့/ကို သိမြင်/နိုင်၏။ 13 ဖန်ဆင်းတော်မူသော/အရာ/မှန်သမျှ/သည် ဘုရားသခင်/ရှေ့တော်/၌ ထင်ရှား၏။ ဘုရားသခင်/၏ မျက်မှောက်တော်/တွင် မထင်ရှားသည့်/အရာ တစ်စုံတစ်ခု/မျှ မရှိပေ။ ကျွန်ုပ်တို့/သည် မိမိတို့/၏/လုပ်ဆောင်ချက်များ/အတွက် ထို/အရှင်/ထံ ဝန်ခံ/ကြရမည်။
ကြီးမြတ်သော/ယဇ်ပုရောဟိတ်မင်း ယေရှု
14 ကျွန်ုပ်တို့/အတွက် ကောင်းကင်ဘုံ/သို့ တက်ကြွသွားသည့် ကြီးမြတ်သော/ယဇ်ပုရောဟိတ်မင်း/ရှိ၏။ သူ/သည် ဘုရားသခင်/၏/သားတော် ယေရှု/ခရစ်တော်/ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့/သည်လည်း မိမိတို့/ယုံကြည်/၍ အသိမှတ်ပြု/ဝန်ခံခဲ့သော အရာ/ကို စွဲကိုင်ကြကုန်စို့။ 15 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့/၏ ယဇ်ပုရောဟိတ်မင်း/သည် ကျွန်ုပ်တို့/၏ အားနည်းချက်များ/ကို မစာနာမထောက်ထားနိုင်/သူ မဟုတ်။ ကိုယ်တော်/သည် ကျွန်ုပ်တို့/နည်းတူ ဖြားယောင်း/သွေးဆောင်မှု/အမျိုးမျိုး/ကို တွေ့ကြုံခဲ့သော/အရှင်/ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်/သည် အပြစ်/နှင့်/ကင်းလွတ်တော်မူ၏။ 16 ထို့ကြောင့် ကျွန်ုပ်တို့/သည် ကရုဏာတော်/နှင့် ကျေးဇူးတော်/ကို ခံစား/လျက် လိုအပ်သည့်/အချိန်/၌ ကူညီမစတော်မူခြင်း/ခံရရန် ဘုရားသခင်/၏ ကျေးဇူးတော်/ရာဇပလ္လင်/သို့ ရဲရင့်/စွာ ချဉ်းကပ်ကြကုန်စို့။